ကိုယ်ရေးကိုယ်တာ အချက်အလက် ကိုင်တွယ်ပုံ
ကျွန်တော်တို့ စုဆောင်းတဲ့ အချက်အလက်တွေထဲမှာ အကောင့်ဖွင့်စဉ် သင်ပေးတဲ့ အမည်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ ပါဝင်ပါတယ်။ KBZPay၊ WavePay သို့မဟုတ် AYA Pay ကနေ ငွေသွင်းတဲ့အခါ ငွေလွှဲမှတ်တမ်းကို သင့်အကောင့်နဲ့ ချိတ်ဆက်သိမ်းဆည်းထားပြီး၊ ဒါက ငွေထုတ်ယူမှု အတည်ပြုချိန်မှာ စစ်ဆေးဖို့သာ အသုံးပြုပါတယ်။ အခြားပြင်ပအဖွဲ့အစည်းတွေကို သင့်ငွေလွှဲအချက်အလက် မျှဝေခြင်းမပြုပါ။ သင့်ဖုန်းကနေ ဝဘ်ဆိုက် သို့မဟုတ် ဘရောက်ဇာနဲ့ ဝင်ရောက်တိုင်း IP လိပ်စာနဲ့ စက်ပစ္စည်းအမျိုးအစားကို မှတ်တမ်းယူပါတယ်။ ဒါက အကောင့်လုံခြုံရေးအတွက် ထူးခြားမှုရှိတဲ့ ဝင်ရောက်မှုကို စစ်ထုတ်ဖို့ဖြစ်ပါတယ်။ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်တော်တို့ စီးပွားရေးကြော်ငြာ ရည်ရွယ်ချက်နဲ့ ရောင်းချခြင်း
-
1
မလုပ်ပါ။ အချက်အလက်သိမ်းဆည်းရာမှာ ကုဒ်ဝှက်နည်းပညာ (SSL) သုံးထားပြီး၊ ဆာဗာလုံခြုံရေးကိုလည်း ပုံမှန်စစ်ဆေးပါတယ်။ သင့်ဒေသဆိုင်ရာ ဥပဒေပေါ် မူတည်ပြီး ဝင်ရောက်ခွင့်နဲ့ အသုံးပြုခွင့် ကွာခြားနိုင်ပါတယ်။ မသေချာတာရှိရင် သင့်ဒေသ ဥပဒေကို ကိုယ်တိုင်စစ်ဆေးဖို့ တိုက်တွန်းပါတယ်။
ဝန်ဆောင်မှုရရှိနိုင်မှုသည် တိုင်းဒေသဆိုင်ရာဥပဒေပေါ်မူတည်သည်။ အသုံးပြုသူသည် ဥပဒေစစ်ဆေးရန်တာဝန်ရှိသည်။